ABOUT US
WONE VANN
ဝုန်းဝမ်း ဆေးတိုက်ကို 1982 ခုနှစ်တွင် ရှမ်းတိုင်းရင်းဆေးသမားတော်ကြီး “ဦးတန်းကေး” မှ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။
“ဝုန်းဝမ်း” ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပါသည်။ ရှမ်းအမည် "ဝူင်းဝၼ်း " ဖြစ်ပြီး မြန်မာ အဓိပ္ပာယ်မှာ "တက်နေဝန်း" ဖြစ်ပါသည်။ နေသည် လူသားအားလုံးကို အလင်းရောင် ပေးသကဲ့သို့ ၊ “ဝုန်းဝမ်း” တိုင်းရင်းဆေးဝါးထုတ်လုပ်သော ဆေးများဖြင့် လူသားအားလုံး၏ကျန်းမာရေးကို အကျိုးပြုနိုင်စေရန် ရည်ရွယ်ပါသည်။
အများပြည်သူ၏ ကျန်းမာရေးကို အစဉ်အလေးထားသောအားဖြင့် ဝုန်းဝမ်းဆေးတိုက်မှ အစွမ်းထက်သော တိုင်းရင်းဆေးစွမ်းကောင်းများကို စစ်မှန်သော သဘာဝ ဆေးဖက်ဝင် သစ်ဥ ၊ သစ်ခေါက် ၊ ဆေးမြစ်များဖြင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်များနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် အချိုးကျ စီမံဖော်စပ် ထားပြီး ခေတ်စနစ်နှင့်အညီ အစဉ်အမြဲ ပိုမိုကောင်းမွန်အောင် အကောင်းမွန်ဆုံး ကြိုးစားခြင်းသည် “ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး” ၏ လမ်းစဉ်သာဖြစ်ပါသည်။
Three Generations of
Constant Improvement
Quality Control and
Thriving for Innovation
POPULAR PRODUCTS
We are proud to be recognized as the experts in bringing traditional medicine to next level
ဝုန်းဝမ်းဆေးတိုက် (တောင်ကြီး) မှ
ထုတ်လုပ်သော တိုင်းရင်းဆေးစွမ်းကောင်းများ
-
မဟာဖြေဆေး
Mahar Phay Say
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-008282 ဆေးမှုန့် ( ဗူး၊ အထုပ်)အစာစားမှား၊ ဝမ်းဖောဝမ်းရောင် ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် ၊ ဗိုက်နာဗိုက်အောင့် (အထူးသဖြင့်) အထက်လှန်အောက်လျှောရောဂါများအတွက်သုံးစွဲနိုင်ပါသည်။
-
ချောင်းဆိုးပျောက်ဆေး
The Great Remedy For Cough
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR - 008278 ဆေးမှုန့် ( ဗူး၊ အထုပ်) ၊ ဆေးပြား (ဗူး)အအေးမိ၍ ချောင်းဆိုးခြင်း ၊ နှာစေး ချောင်းဆိုးခြင်း ဥတုရာသီပြောင်းတွင် ချောင်းဆိုးခြင်း တို့အတွက် သုံးစွဲနိုင်ပါသည်။
-
သွေးဆေး
Tway Say
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR- 008280 ဆေးမှုန့် ( အထုပ်)အစားအသောက်ပျက်ခြင်း ၊ညအိပ်မပျော်ခြင်း ၊အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း များအတွက် သင့်လျှော်ပါသည်။
-
ပျားနနွင်းဆေးပျား
Turmeric Honey Tablets
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-014022 ဆေးပြား (ဗူး)အမျိုးသမီးများ အသားအရည်စိုပြေဝင်းပလာစေရန်နှင့် သားဖွားပြီးစ မိခင်များ သွေးသားသန့် လာစေခြင်း ၊ ဓမ္မတာမမှန်ခြင်း၊ အရေပြားယားယံခြင်း ၊ လေးဖက်နာရောဂါ ၊ အဆစ်ရောင်ရောဂါ ရောင်ရမ်းခြင်းများကို သက်သာစေပြီး အနာကျက်မြန်စေသည်။